Wednesday, December 5, 2007

တန်အောင်နေ

မိမိအနေဖြင့် မည်သို့သော အဆင့်အတန်းသို့ ရောက်ချင်ပါသနည်း။ထိုအဆင့်အတန်းနှင့် လျှော်ညီအောင် ထိုက် တန်အောင် နေထိုင်ခဲ့ပါလျှင် ထိုအဆင့်ကို ရောက်ကိုရောက်ပါသည်ဟု ဆရာတော်ကြီးတစ်ပါးက ဟောကြားခဲ့ ဖူး ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ` ဖြစ်ချင်သလား၊ တန်အောင်နေ´ ဆိုသော သဘောဖြစ်ပါသည်။
ဤစကားတွင် စဉ်းစားစရာများစွာ ပါဝင်နေပါသည်။ `ဖြစ်ချင်သလား တန်အောင်နေ´ ဆိုသော သဘော တရားအပြင် ဆက်စပ်စဉ်းစားစရာများစွာ ရှိနေသည်ကို တွေ့ရသည်။ တန်အောင်မနေချင်၊ ဖြစ်ချင်တာမဖြစ် ဖြစ်ခဲ့ လျှင်လည်းမခိုင် စသော သွယ်ဝိုင်စဉ်းစားစရာများကိုလည်း ဤစာပိုဒ်က ညွှန်ပြနေပါသည်။
ကျွန်ုပ်တို့ ပြည်သူတစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းအနေဖြင့်လည်းကောင်း လိုလားတောင့်တ သော အရာများစွာ ရှိကြပါသည်။ ထိုသို့လိုလားသော အကြောင်းအရာများကို လက်ဝယ်ပိုင်ပိုင် ရရှိရေး ဆိုသည်မှာ ထိုက်တန်အောင်နေရ၊ ထိုင်ရ၊ ရင်းနှီးမြှုပ်နှံ ရလိမ့်မည်ဆိုသော အချက်များကို နိုင်ငံသားတိုင်း သဘောပေါက်သင့် ပါသည်။
မိမိတို့ လိုလားသော ဆန္ဒများများ ပြည့်ဝရေးသည် တစ်စုံတစ်ယောက်အား ကယ်တင်ရှင်သဖွယ် စောင့်စားရမည့် အရေးမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် တန်အောင်နေ၊ တန်အောင်အားထုတ်၊ တန်အောင်ကြိုးစား ရမည်သာ ဖြစ်ကြောင်း သတိပေးလိုက်ရပါသည်။
Sources From - The Voice Weekly

1 comment:

phyusinthu said...

တန်အောင်နေနိုင်အောင်ကြိုးစားပါ့မယ်
lovedolly ရဲ့ဆောင်းပါးလေးကို ဖတ်ပြီးမှ ငါဟာတန်အောင်နေနေတဲ့သူလား / ဒီအတိုင်းနေတဲ့လူလားဆိုတာ မနည်းစဉ်းစားယူနေရတယ် အဖြေရရင်ထပ်ပြောမယ်
ပုံ
ဖြူစင်သူ