Tuesday, December 18, 2007

မြန်မာနိုင်ငံအလယ်ပိုင်းသို့မြန်မာတို့စတင်ဝင်ရောက်လာခြင်း။

လွန်ခဲ့သော နှစ်၎ဝဝဝခန့်တွင် ရှေးမြန်မာတို့သည် တရုတ်ပြည်အရှေ့မြောက်ဘက် တွင် နေထိုင်ခဲ့ကြသည်။ ထိုပြောကြားချက်ကို ငြင်းဆိုရန်(သို့)အတည်ပြုရန် ခိုင်မာသော အထောက် အထားကို မတွေ့ရှိသေးပါ။ အေဒီ၇ရာစုခန့်တွင် တရုတ်မြန်မာ နယ်စပ်တွင် နေထိုင်ခဲ့ကြသော တိဗက်-မြန်မာအနွယ်ဝင်တို့ကို MAN လူမျိုးဟု ခေါ်ဆိုခဲ့ကြကြောင်း တရုတ်တို့က ပြောခဲ့ကြသည်။ ထိုအနွယ်ဝင်များထဲမှ MANG MAN ဟုခေါ်သော လူမျိုးနွယ်တို့သည် မြန်မာတို့၏ ဘိုးဘေးဘီဘင် များ ဖြစ်ခဲ့ကြပြီး၊ မြန်မာတို့သည် Maung မင်းor Man-cho တို့မှ ဆင်းသက်လာသည်ဟု ယုံကြည် ခဲ့ကြသည်။
MANG MAN တို့သည် အလွန်တက်ကြွသည်။ စစ်ကိုလိုလားသည်။ စစ်တိုက်ရာတွင် လှံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြပြီး၊ သူတို့သည် မြှားတံကို အဆိပ်သုတ်လိမ်း၍ သုံးခဲ့ကြသည်။ မြင်းစီး ကျွမ်းကျင်ကြ သည်။ မိန်းမများပင် မြင်းစီးကျွမ်းကျင်ကြသည်။ နေထိုင်ရာတွင် မြင့်မားသော ခြေတံ ရှည်အိမ်တွင် နေထိုင်ခဲ့ သည်။ အပြာရောင်ပိုးသားဘောင်းဘီကို ဝတ်ဆင်ခဲ့သည်။ အနီရောင်ပိုး ပုဝါကို ခေါင်းပေါင်းဝတ်ဆင်ခဲ့ကြသည်။
၈ရာစုအစောပိုင်းတွင် နန်ချိုတို့သည် MAUNG MAN တို့ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ ကြသည်။ ရှေးမြန်မာတို့၏ အကြောင်းကို Man - shuကျမ်းတွင် တရုတ်စာရေးဆရာ Fan Cho က ရှေးမြန်မာတို့၏ အကြောင်းကို ရေးသားခဲ့သည်။ အရှေ့တောင်အာရှလွင်ပြင်တွင် နေထိုင်သောသူတို့ကို နန်ချိုတို့ ဝင်ရောက် တိုက်ခိုက်သောအခါ ထိုကျူးကျော်တိုက်ခိုက်သော စစ်တပ်တွင် MAUNG MAN တို့ ပါဝင်ခဲ့သည်။ MAUNG MAN စစ်သားတို့သည် ရဲရင့်ပြီး၊ သစ္စာရှိကြသည်။ ရန်သူဘက်မှ ဖမ်းဆီးမိပြီး ညှင်းပန်းနှိပ်စက်သော အခါတွင် တောင် သူတို့သည် မိမိတို့အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ အေဒီ၈၃၂နှင့် ၈၃၅ တွင် နန်ချိုတို့ မြန်မာသို့လာရောက် ကျူးကျော်သောအခါ ၎င်းတို့ပါ ပါလာကြသည်။
သူတို့သည် စစ်ကိုကြိုက်နှစ်သက်သော်လည်း နန်ချိုတို့၏ အုပ်ချုပ်မှုကို မကြိုက်နှစ် သက်သောကြောင့် အေဒီ၉ရာစု အလယ်ပိုင်းတွင် နန်ချိုတို့ထံမှ ထွက်ခွာလာခဲ့သည်။ သူတို့သည် မြန်မာပြည် အလယ်ပိုင်းကို သူတို့၏ နေအိမ်အဖြစ် ရွေးချယ်ခဲ့သည်။ သူတို့သည် သန်လွင်မြစ်ကို ဆန်တက်လာပြီး ရှမ်းပြည်မြောက်ပိုင်း ကိုဖြတ်ကာ ကျောက်ဆည်ကို ကျူးကျော်တိုက်ခိုက် ခဲ့သည်။
ထိုအချိန်ကာလတွင် မြန်မာပြည်အလယ်ပိုင်းတွင် နေထိုင်သော မွန်၊ ကဒူး၊ သက်၊ ပလောင်နှင့် စက်ကောကရင်တို့သည်Maungလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် လုံလောက်သော အင်အား မရှိခဲ့ပါ။ သူတို့သည် ပုဂံကို သူတို့၏ ဌာနချုပ်အဖြစ် ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် မြန်မာတို့ သည် အေဒီ၉ရာစု အလယ်ပိုင်းတွင် မြန်မာပြည် အလယ်ပိုင်းတွင် ခိုင်ခိုင်မာမာ အခြေချ နေထိုင်ခဲ့ကြသည်။
Reference- Dr.Kyaw Win , Social History of Myanmar (Ph.D , Prelim Course)

Wednesday, December 5, 2007

တန်အောင်နေ

မိမိအနေဖြင့် မည်သို့သော အဆင့်အတန်းသို့ ရောက်ချင်ပါသနည်း။ထိုအဆင့်အတန်းနှင့် လျှော်ညီအောင် ထိုက် တန်အောင် နေထိုင်ခဲ့ပါလျှင် ထိုအဆင့်ကို ရောက်ကိုရောက်ပါသည်ဟု ဆရာတော်ကြီးတစ်ပါးက ဟောကြားခဲ့ ဖူး ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ` ဖြစ်ချင်သလား၊ တန်အောင်နေ´ ဆိုသော သဘောဖြစ်ပါသည်။
ဤစကားတွင် စဉ်းစားစရာများစွာ ပါဝင်နေပါသည်။ `ဖြစ်ချင်သလား တန်အောင်နေ´ ဆိုသော သဘော တရားအပြင် ဆက်စပ်စဉ်းစားစရာများစွာ ရှိနေသည်ကို တွေ့ရသည်။ တန်အောင်မနေချင်၊ ဖြစ်ချင်တာမဖြစ် ဖြစ်ခဲ့ လျှင်လည်းမခိုင် စသော သွယ်ဝိုင်စဉ်းစားစရာများကိုလည်း ဤစာပိုဒ်က ညွှန်ပြနေပါသည်။
ကျွန်ုပ်တို့ ပြည်သူတစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းအနေဖြင့်လည်းကောင်း လိုလားတောင့်တ သော အရာများစွာ ရှိကြပါသည်။ ထိုသို့လိုလားသော အကြောင်းအရာများကို လက်ဝယ်ပိုင်ပိုင် ရရှိရေး ဆိုသည်မှာ ထိုက်တန်အောင်နေရ၊ ထိုင်ရ၊ ရင်းနှီးမြှုပ်နှံ ရလိမ့်မည်ဆိုသော အချက်များကို နိုင်ငံသားတိုင်း သဘောပေါက်သင့် ပါသည်။
မိမိတို့ လိုလားသော ဆန္ဒများများ ပြည့်ဝရေးသည် တစ်စုံတစ်ယောက်အား ကယ်တင်ရှင်သဖွယ် စောင့်စားရမည့် အရေးမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် တန်အောင်နေ၊ တန်အောင်အားထုတ်၊ တန်အောင်ကြိုးစား ရမည်သာ ဖြစ်ကြောင်း သတိပေးလိုက်ရပါသည်။
Sources From - The Voice Weekly